မြန်မာသံရုံး၊ပေကျင်းတွင် သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ကုန်ကျစရိတ်များအားပြောင်းလဲကောက်ခံ

0
160

မြန်မာသံရုံး၊ပေကျင်းမြို့မှ မြန်မာသာမန်နိုင်ငံကူးလက်မှတ်များသက်တမ်းတိုး(အသစ်)ထုတ်ပေးရာတွင် မတ် ၁ ရက်မှစတင်၍ ကုန်ကျစရိတ်များအား ပြောင်းလဲကောက်ခံလျက်ရှိသည်။

တရားဝင်ကောက်ခံနေသည့် နှုန်းထားများကို မတ် ၁ ရက်မှစတင်၍ ပြောင်းလဲကောက်ခံရာ၌ မြန်မာသာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအတွက် ၂၈၀ ယွမ်သို့ပြောင်းလဲကောက်ခံခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသားနှင့်လက်ထပ်ထားသည့်မြန်မာအမျိုးသမီးသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်အား ပထမအကြိမ်သက်တမ်းတိုးပါက ၂၇၀၀ ယွမ် + ၂၈၀ ယွမ်ကုန်ကျမည်ဖြစ်သည်။ လေယာဉ်လက်မှတ်ခစပေါ်ငွေအဖြစ်ပေးသွင်းငွေ ၂၇၀၀ ယွမ်အား ၃ နှစ်ပြည့်ပါက ပြန်ထုတ်ပေးမည်ဖြစ်သည်။

ပျက်စီး/ပျောက်ဆုံးလျှောက်ထားပါက ၆၀၀ ယွမ်နှင့်သက်တမ်းလွန် ၂ နှစ်အထက်ဖြစ်ပါက ၄၀၀ ယွမ်တို့သို့ပြောင်းလဲကောက်ခံလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here