လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေပါတီတို့မှ မှတ်ပုံတင်လျှောက်ထား

0
142

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေပါတီတို့မှ ဥပဒေ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၁၉ ပါတီရှိကြောင်း၊ အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။

စာရင်းများအရ နိုင်ငံရေးပါတီ ၉၁ ပါတီရှိသည့်အနက် ၁၉ ပါတီ မှတ်ပုံပြန်တင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများပြန်လည်မှတ်ပုံတင်ရန် ဥပဒေသစ်ထုတ်ပြန်ပြီးနောက်ပိုင်း အချိန် ၂ လ ပေးထားခြင်းဖြစ်ကာ ယခုအခါ ၃၆ ရက်​ရောက်ရှိ​နေပြီဖြစ်သည်။

လက်ရှိတွင်

1.ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊

2.ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊

3. မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD)၊ 

4.ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ 

5.ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ 

6.ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ 

7.ဒီမိုကရေစီပါတီသစ်(ကချင်) 

8.ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ 

9.အမျိုးသားဒီမိုကရေစီပါတီသစ်၊ 

10.ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ 

11.ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ 

12.တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ 

13.ရခိုင့်ဦးဆောင်ပါတီ၊ 

14.ပြည်သူ့အင်အားပါတီ၊

15.ဝံသာနုပါတီ၊

16.ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊

17.ဒီမိုကရက်တစ်ပါတီ

18.လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နှင့်

19.တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here