ရောဂါကြောင့် ၂၈ နှစ်လုံးလုံး အုန်းသီးသာစားပြီး အသက်ဆက်ခဲ့ရသူ

0
129

လူတွေဟာ အစုံစားသတ္တဝါဖြစ်တာနဲ့အညီ အစားအစာမျိုးစုံကို စားသောက်ပြီး နေထိုင်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ဟင်းလျာတွေ ပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံ ကာဆာရာဂေါ့ခရိုင်မှာ နေထိုင်တဲ့ ဘာလာခရစ်နန် ပါလာရီ ဆိုသူဟာ အစာအိမ် အချဥ် ပေါက်ရောဂါ (GERD) ကို ကုသဖို့အတွက် လွန်ခဲတဲ့ ၂၈ နှစ်ကတည်းက အုန်းသီးနဲ့ အုန်းရည်ကိုသာ စားသောက်ပြီး အသက်ဆက်ရခဲ့တယ်လို့ သိရပါတယ်။

လူတစ်ယောက်အတွက် အစားအစာ တစ်မျိုးတည်းကိုပဲ တစ်လလောက် စွဲမြဲစားဖို့ဆိုတာ ခက်ခဲတဲ့ အရာဖြစ်ပေမဲ့ ဘာလာခရစ်နန်ကတော့ အုန်းသီးကိုသာ လွန်ခဲတဲ့ ၂၈ နှစ်လုံးလုံး စားခဲ့ရတာပါ။

သူဟာ အသက် ၃၅ နှစ်အရွယ်မှာ အစာအိမ် အချဥ်ပေါက်ရောဂါကို စတင် ခံစားခဲ့ရပြီး အဲရောဂါကြောင့်ပဲ အစာအိမ်ဟာ စားသမျှ အစားအသာက်တွေကို လက်မခံနိုင်တော့ပဲ အမြဲတမ်း ပြန်အန်ထွက်ခဲ့ပါတယ်။ အစားအစာမျိုးစုံကို စားကြည့်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

နောက်ဆုံးမှာတော့ အုန်သီးနဲ့ အုန်းရည်ကသာ ဘာလာခရစ်နန်အတွက် အသက်ဆက်ဖို့ တစ်ခုတည်းသော အစားအစာဖြစ်လာတာပါ။ အုန်းသီးအစွမ်းကြောင့်ပဲ အသက် ၆၄ နှစ်အရွယ် ဘာလာခရစ်နန်ဟာ သူနဲ့ အသက်ရွယ်တူတဲ့ လူအများစုထက် ပိုမို ကျန်းမာနေပြီး နေ့တိုင်း အလုပ်လုပ်၊ ရေကူးပြီး လေ့ကျင့်ခန်းတွေလည်း လုပ်နေတယ် သိရပါတယ်။

အုန်းသီးဟာ အာဟာရကြွယ်ဝတဲ့ အသီးဖြစ်ပေမယ့် ဆရာဝန်တစ်ဦးဖြစ်တဲ့ တူရှား တာရဲက ဘာလာခရစ်နန်ရဲ့ ကျန်းမာရေးအခြေအနေဟာ အခြားသူတွေနဲ့ မတူတဲ့အတွက် သူ့အတိုင်း လိုက်စားဖို့ကိုတော့ အကြံမပေးပါဘူးလို့ ပြောထားပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here