တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦး ဓားဒဏ်ရာဖြင့်သေဆုံး

0
172

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ၂ ထပ်နေအိမ်တစ်လုံးအတွင်း၌ ထိုင်းနိုင်ငံသားတစ်ဦးအား ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ကို မတ် ၈ ရက်ညနေ ၅နာရီခန့်က တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံသားဖြစ်သော Mr. Adun Onchoi သည်အခန်းအတွင်းရှိ ခုတင်ပေါ်၌ ပက်လက်အနေအထားဖြင့် ဘယ်ဘက်ရင်ညွှန့်တွင် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိကာ ပါးစပ်နှင့်နှာခေါင်းတို့မှ သွေးများထွက်၍ သေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သေဆုံးသူအနီး၌ ထိုင်းနိုင်ငံသားစိစစ်ရေးကဒ်၊အရိုးအသွား ၈ လက်မခန့်ရှိ စတီးဓားတစ်ချောင်းနှင့်အမျိုးသမီးဆံညှပ်ကလစ်တစ်ခုတို့ကိုလည်း တွေ့ရှိခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရန် တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ်၍စုံ စမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here