ရုရှားပစ်လွှတ်သော ဒုံးကျည်များကြောင့် ယူကရိန်းနျူဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားပြတ်တောက်

0
137

ရုရှားက ဒုံးကျည်များနှင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ဥရောပရဲ့ အကြီးဆုံး နျူကလီးယား စက်ရုံမှ လျှပ်စစ်ဓာတ်အားပိုွှလွှတ်မှုလည်း ပြတ်တောက်ခဲ့သည်။

ယူကရိန်းနိုင်ငံ မြောက်ဘက်ရှိ Kharkiv မှ တောင်ဘက်ရှိ Odesa နှင့် အနောက်ဘက်ရှိ Zhytomyr မြို့များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Kharkiv နှင့် Odesa တို့တွင် အဆောက်အဦများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ခဲ့ပြီး နေရာအများအပြားတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ မြို့တော် ကိယက်ဗ်ကိုလည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ရုရှားက ဒုံးကျည် ၈၁ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ယခုရက်သတ္တပတ်များအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။

အီရန်လုပ် Shahed မောင်းသူမဲ့လေယာဉ် ၈ စင်း ပစ်လွှတ်သည့် အသုတ်တွင် ယင်းတို့အနက်မှ လေးစင်းကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သော အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းအနောက်ပိုင်း Lviv မြို့တွင် အနည်းဆုံး လူငါးဦး သေဆုံးခဲ့ပြီး ၎င်းတို့နေအိမ်များလည်း ဒုံးကျည်ထိမှန်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Maksym Kozytskyi က Telegram တွင် ပြောကြားခဲ့သည်။

ရုရှ၏ ပစ်ခတ်မှုကြောင့် ယူကရိန်းတောင်ပိုင်း Kherson မြို့တွင် လူ ၃ ဦး သေဆုံးပြီး အများသူငါ သယ်ယူပို့ဆောင်ရေးယာဉ်များ ရပ်နားရာ နေရာတစ်ခု ဒုံးကျည်ထိမှန်ခဲ့ကြောင်း ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak က ပြောကြားခဲ့သည်။

Dnipropetrovsk ဒေသတွင် ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Serhii Lysak က ပြောကြားခဲ့သည်။

(BBC)


LEAVE A REPLY

Please enter your comment!
Please enter your name here