အင်ဒိုနီးရှား ဘောလုံးကွင်း လူအုပ်ပိသေဆုံးမှုနှင့် ပတ်သက်၍ ဘောလုံးအရာရှိ ၂ ဦးအား တရားရုံးက ထောင်ဒဏ်ချမှတ်

0
173

ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားတွင် လူ ၁၃၀ ဦး သေဆုံးစေခဲ့သည့် ဘောလုံးကွင်း လူအုပ်ပိမှုနှင့် ပတ်သက်၍ ဘောလုံး အရာရှိအား တရားရုံးက မတ်လ ၉ ရက် ကြာသပတေးနေ့တွင် ထောင်ဒဏ် ၁ နှစ်ခွဲ အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

အရီးမား အက်ဖ်စီ ဘောလုံးအသင်း၏ ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ အက်ဘ်ဒူ ဟာရိ့စ်အား ပေါ့ဆမှုနှင့် လက်မှတ်များကို ကန့်သတ်ဦးရေ ကျော်လွန်သွားသည်အထိ ရောင်းချရာတွင် တာဝန်ရှိမှုဖြင့် တရားရုံးက ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့သည်။

ထို့အပြင် အရီးမား အက်ဖ်စီ၏ လုံခြုံရေးအရာရှိ ဆူကို ဆူတရိ့စ်စနို ကိုလည်း ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။

ထိုနှစ်ဦးအပြင် ရဲတပ်ဖွဲ့ဝင် သုံးဦးကိုလည်း ပေါ့ဆမှုဖြင့် စွဲချက်တင်ထားပြီး သူတို့၏ အမှုများကို မနက်ဖြန်တွင် ကြားနာစစ်ေဆးမည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့က မာလန်မြို့ရှိ ဘောလုံးကွင်း၌ အရီးမားအက်ဖ်စီ အသင်းနှင့် ပါစီဘာယာ ဆူရာဘာယအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီးချိန်တွင် ပရိသတ်တစ်ဖွဲ့နှင့် တစ်ဖွဲ့ ကွင်းအထဲသို့ ဝင်ရောက်လာပြီး ရန်ဖြစ်ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲရန် ကြိုးပမ်းခဲ့သည်။

ထို့နောက် ကွင်းထဲမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော ပရိသတ်များကြား လူအုပ်ပိမှု ဖြစ်ပွားကာ လူ ၁၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြသည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here