မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုကြောင့် လူနေအိမ် (၉) လုံး မီးလောင်ဆုံးရှုံး

0
161

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက မီးလောင်မှုကြောင့် လူနေအိမ် (၉) လုံး မီးလောင်ဆုံးရှုံးသွားကြောင်း မန္တလေး ဗဟိုမီးသတ်ဌာနထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် စ်ိန်ပန်း နေပူရွာ ၄၁ လမ်းနှင့် ၄၂ လမ်းကြား ၉၀ ၉၁ ကြားတွင် ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၂ နာရီ ၃၀ မိနစ်ခန့်မှစ၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့မီးလောင်မှုကြောင့် မန္တလေးတိုင်းမီးသတ်ဦးစီးမှုူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးဦးဆောင် အနီးကပ်ကွပ်ကဲမှုဖြင့် ဒု-တိုင်းမီးသတ်ဦးစီးမှူး ဒုညွှန်ကြားရေးမှူးဦးဌေးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှုူး ဦးကျော်ကိုကို နှင့် မဟာအောင်မြေမြို့နယ်မီးသတ်ဦးစီးမှုူးဦးညွန့်ဝင်းအောင် အရန်/သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမူကူညီရေး အသင်းများ ဝိုင်း၀န်းမီးငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၂ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးထိန်းသွားပြီး နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

” မီးလောင်မှုကြောင့် လူနေအိမ် (၉) လုံး မီးလောင်ဆုံးရှုံးသွားပါတယ်၊ လူထိခိုက်ဒဏ်ရာရရတာမျိုးတော့ မရှိပါဘူး” ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

လက်ရှိအချိန်တွင် မီးလောင်မှုဖြစ်စဉ် အသေးစိတ််ကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

Photo – Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here