စမွတ်ဆာခွန်ခရိုင်တွင် ဧည့်စာရင်းမတိုင်ကြားဘဲနေထိုင်သည့် မြန်မာနိုင်ငံသားများဖမ်းဆီးခံရ

0
129

ထိုင်းနိုင်ငံ၊စမွတ်ဆာခွန်ခရိုင်၊ကရထုဘန်မြို့၊ခေါင်မဒူယာကျေးရွာအုပ်စု ၇ တွင် ဧည့်စာရင်းမတိုင်ကြားဘဲနေထိုင်သည့် မြန်မာနိုင်ငံသားများ မတ် ၈ ရက်နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရသည်။

စမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ဌာန ဦးစီးချုပ်၏ ညွှန်ကြားချက်အရတာဝန်ရှိသူများက နံနက် ၆ နာရီခန့်တွင် ယင်းကျေးရွာအုပ်စုရှိ မြန်မာနိုင်ငံသားများ အများဆုံးနေထိုင်သည့် တိုက်တစ်လုံးအား တာဝန်ရှိသူများကဝင်ရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံသား အမျိုးသား ၂၉ ဦးနှင့်အမျိုးသမီး ၃၇ ဦးတို့အနက် အချို့ မြန်မာနိုင်ငံသားများမှာ ဧည့်စာရင်းတိုင်ကြားခြင်းမရှိဘဲ နေထိုင်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် တိုက်ပိုင်ရှင်(သို့ )တိုက်စောင့်အား ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၃၈ ( ၂၅၂၂ )အရတရားစွဲဆိုကာ ဧည့်စာရင်းမတိုင်ကြားဘဲနေထိုင်သည့် မြန်မာနိုင်ငံသားမျကိုလည်း ဥပဒေအရအရေးယူရန် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here