(၉၆) ကြိမ်မြောက် အာဆီယံစီးပွားရေးအကြံပေးကောင်စီ(ASEAN BAC) အစည်းအဝေးကျင်းပ

0
121

အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး (၉၆) ကြိမ်မြောက်အာဆီယံစီးပွားရေးအကြံပေးကောင်စီ ASEAN Business Advisory Council (ASEAN BAC) အစည်းအဝေးကို မတ်လ ၈ ရက်နေ့တွင် အွန်လိုင်း Virtual Meeting ဖြင့် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာတောင့်တင်းပြီး အားကောင်းလာစေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ (၉၅) ကြိမ်မြောက် ASEAN-BAC အစည်းအဝေး၏ အကျဉ်းချုံး မှတ်တမ်းကိစ္စရပ်များ၊ ASEAN-BAC Malaysia Council မှ အဖွဲ့ဝင်အသစ်များ၏ မိတ်ဆက်ခြင်းအစီအစဉ်၊ အာဆီယံနိုင်ငံများ၏ Legacy Projects ဆိုင်ရာကိစ္စရပ်များ၊ AEM Retreat Dialogue အတွက် မူကြမ်းအစီရင်ခံစာ၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများကိုဆွေးနွေးခဲ့ကြသည်။

ယင်းအ​ပြင် ASEAN-BAC ဥက္ကဋ္ဌမှ Road Show အနေဖြင့် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် တို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့​ပြီး အစရှိသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအ​​ဝေးသို့ အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ASEAN- BAC Myanmar အဖွဲ့ဝင်များဖြစ်သော ကုန်သည်စက်မှုအသင်းချုပ်၏ Senior Executive Advisor ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်နှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here