မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ပါတ်အတွင်း ပို့ကုန်/သွင်းကုန် ကားအစီးရေ ၁၈၀၀ ကျော် ကုန်သွယ်မှုဆောင်ရွက်ခဲ့

0
103

၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်မှ ၇ ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၆၁၁) စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၇၃) စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်သည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

ယခုရက်ပိုင်းတွင် ပဲယင်း၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ သခွားမွှေး၊ ငါးရှဉ့်၊ ဖရဲသီး၊ ဝါဂွမ်း၊ ပဲလွန်းဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပြီး ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြု၍ ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁) တန်လျှင် (၅၀၀၀-၅၇၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁) တန်လျှင် (၂၃၈၀-၂၄၈၀) ယွမ်၊ နှမ်းနက် (၁) တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ နှမ်းညို (၁) တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁) တန်လျှင် (၉၅၀၀-၉၇၀၀ ) ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁) တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁) တန်လျှင် (၂၅၂၀) ယွမ်၊ ရော်ဘာ RSS-3 (၁) တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသည်။

ယင်းအပြင် ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံမှ ဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း ဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here