ကျိုက္ကစံအားကစားကွင်း၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ

0
222

ရန်ကုန်မြို့၊တာမွေမြို့နယ်၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျိုက္ကဆံအားကစားကွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ASIAN Games Fun Run ပြိုင်ပွဲအား မတ် ၁၀ ရက်(ယနေ့)နံနက် ၈ နာရီကကျင်းပခဲ့သည်။

ASIAN Games Fun Run ပြိုင်ပွဲအား စက်တင် ဘာ ၂၃ ရက်မှအောက်တိုဘာ ၈ ရက်အထိ တရုတ်နိုင်ငံ Hangzhou မြို့တွင်ကျင်းပမည့် 19th ASIAN Games ပြိုင်ပွဲ Promotion အဖြစ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမျိုးလှိုင်၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် အသက်(၁၃)နှစ်အထက် အမျိုးသား ၁ ဒသမ ၄ ကီလိုမီတာ၊ အသက်(၁၃)နှစ်အထက် အမျိုးသမီး ၁ ဒသမ ၄ ကီလိုမီတာ၊ အသက်(၁၃)နှစ်အောက် မီတာ ၄၀၀ အမျိုးသား/အမျိုးသမီးနှင့် မီတာ ၁၀၀ မသန်စွမ်း အမျိုးသား/အမျိုးသမီးပြိုင်ပွဲများအားကျင်းပခဲ့သည်။

ပြိုင်ပွဲအသီးသီးတွင် ပထမမှဒဿမအထိ ဆုရရှိသည့်အားကစားသမားများအား ဆုချီးမြှင့်ရာ အသက်(၁၃)နှစ်အထက်အမျိုးသား ၁ ဒသမ ၄ ကီလိုမီတာအပြေးပြိုင်ပွဲတွင် ဆုရရှိသူများအား Hangzhou Asian Game Organizing Committee member Mr. Ding Jiong၊ အသက်(၁၃)နှစ်အထက် အမျိုသမီး ၁ ဒသမ ၄ ကီလိုမီတာပြိုင်ပွဲတွင် ဆုရရှိသူများအား OCA Media Manager Mr. Zhou Jian တို့ကဆုများချီးမြှင့်ခဲ့သည်။

အသက်(၁၃)နှစ်အောက် မီတာ ၄၀၀ အမျိုးသားပြိုင်ပွဲတွင်ဆုရရှိသူများအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦး၊ အသက်(၁၃)နှစ်အောက် မီတာ ၄၀၀ အ မျိုးသမီးပြိုင်ပွဲတွင်ဆုရရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ မသန်စွမ်း အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ ပြိုင်ပွဲတွင် ဆုရရှိသူများနှင့်အသက်အငယ်ဆုံးပါဝင်ယှဉ်ပြိုင်ခဲ့သည့် သက်ထားစံ (၆)နှစ်တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးမျိုးလှိုင်တို့က ဆုများချီးမြှင့်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here