မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး နှလုံးရပ်၍သေဆုံးသွား

0
127

မလေးရှားနိုင်ငံ၊ Rawang မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ဦးစောသိန်းမြင့်(၅၅)နှစ်သည် နှလုံးရပ်၍သေဆုံးသွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

ဦးစောသိန်းမြင့်သည် ၎င်းနေထိုင်သည့် နေအိမ်အတွင်း၌ နှလုံးရပ်၍သေဆုံးသွားခဲ့သဖြင့် သဂြိုလ်ပေးရန် ၎င်း၏မိသားစုဝင်များက နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံ အကူအညီတောင်းခံခဲ့ကြသည်။

ထို့ကြောင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ ဦးစောသိန်းမြင့်၏ ရုပ်အလောင်းအား မတ် ၉ ရက်နေ့လည် ၁ နာရီတွင် နေအိမ်မှတဆင့် ပူချွန်း(၁၄)မိုင်သုဿန်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဦးစောသိန်းမြင့်သည် ကရင်ပြည်နယ်၊မြိုင်ကလေးတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

Photo-နှလုံးလှအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here