ဘတ်ဂျက်လိုငွေအခြေအနေအား သင့်တင့်လျောက်ပတ်စွာထိန်းသိမ်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ နစက ဒု-ဥက္ကဋ္ဌ ပြောကြား

0
201

မတ် ၉ ရက်မွန်းလွဲပိုင်းက ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေ ငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒု- ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်​ရောက်ခဲ့သည်။

“ရုံးသုံးစက်ကိရိယာ၊ရုံးသုံးစက်ပစ္စည်း၊ပရိဘောဂတွေဝယ်ယူရာမှာ Luxury ပစ္စည်းတွေဝယ်တာကို ခွင့်ပြုမှာမဟုတ်ပါဘူး။ ဌာနအတွက်လိုအပ်တဲ့အခြေအနေနဲ့အရင်က ဝယ်ယူထားတဲ့အခြေအနေတွေကို စီစစ်ပြီးမှခွင့်ပြုသွားမှာပါ။ သုံးသင့်သုံးထိုက်တဲ့အသုံးစရိတ်တွေနဲ့ မသုံးသင့်မသုံးထိုက်တဲ့အသုံးစရိတ်တွေ စီစစ်ဆောင်ရွက်သွားမှာပါ”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ယခုနှစ်တွင် စက်သုံးဆီသုံးစွဲမှုများအား စီစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ရုံးသစ်များ၊ဝန်ထမ်းအိမ်ရာအသစ်များဆောက်လုပ်ခြင်းကို လိုအပ်ချက်ပေါ်မူတည်၍ နယ်မြေဒေသအခြေအနေ၊လုံခြုံရေးအခြေအနေများအရ ခွင့်ပြုသွားမည်ဟု ဆိုသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် မဖြစ်မနေခွင့်ပြုရသည့် လစာနှင့်စရိတ်များ၊လုပ်အားခများ၊ပြင်ဆင်ထိန်းသိမ်းစရိတ်များ၊လူမှုကာကွယ်စောင့်ရှောက်ရေးအသုံးစရိတ်များ၊သာမန်အသုံးစရိတ်များနှင့်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးသုံးစွဲရမည့် အခြေခံအဆောက်အအုံဆိုင်ရာ အသုံးစရိတ်များအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များကို ဦးစားပေးအလိုက်သုံးစွဲသွားမည်ဟု​သိရသည်။

လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအသုံးစရိတ်များ၊ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့်စားရေရိက္ခာဖူလုံစေရေးအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အသုံးစရိတ်များကို ဦးစားပေးအစီအစဉ်များအလိုက် ခွင့်ပြုပေးသွားရမည်ဟုလည်း ဆိုသည်။

ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုနှုန်းကို ကောင်းစွာထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာရှိသလို ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်တဲ့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထက် ရငွေတွေ ပိုရလာနိုင်မယ်လို့ခန့်မှန်းပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ​ထိုအစည်းအ​ဝေးတွင်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here