ချက်နိုင်ငံ၏ သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံဒေါက်တာဘုန်းလင်းကြိုင်တက်ရောက်

0
153

ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံဒေါက်တာဘုန်းလင်းကြိုင်နှင့်ဇနီးတို့သည် ချက်သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့သည်။

ချက်သမ္မတသစ် H.E. Mr. Petr Pavel ၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအား ချက်သမ္မတရုံးတည်ရှိသည့် ပရာ့ဂ်ရဲတိုက်ရှိ Vladislav ခန်းမတွင် မတ် ၉ ရက်မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာသံရုံးယာယီတာဝန်ခံဒေါက်တာဘုန်းလင်းကြိုင်သည် နေ့လည် ၃ နာရီက Spanish ခန်းမ၌ ပြုလုပ်သည့် A Glass of Wine တွေ့ဆုံပွဲနှင့်ည ၆ နာရီ၌ Cathedral of St. Vit, Wenceslas and Vojtech တွင်ပြုလုပ်သည့် Te Deum အခမ်းအနားတို့သို့လည်း တက်ရောက်ကာ ချက်ဝန်ကြီးချုပ် H.E. Mr. Petr Fiala နှင့်အစိုးရအဖွဲ့အရာရှိကြီးများ၊ပရာ့ဂ်မြို့အခြေစိုက် သံတမန်များနှင့်တွေ့ဆုံခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here