အာဆီယံ-နယူးဒေလီကော်မတီ(ANDC)အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်တက်ရောက်

0
129

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်သည် ဗီယက်နမ်သံရုံး၌ မတ် ၉ ရက်နံနက် ၁၁ နာရီကပြုလုပ်သည့် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ANDC အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai က ၂၀၂၃ ခုနှစ်၊ပထမနှစ်ဝက်ကာလအတွက် အာဆီယံ-နယူးဒေလီကော်မတီမှ အဖွဲ့ဝင်နိုင်ငံများ၊အာဆီယံ+၃ နိုင်ငံများနှင့်အိန္ဒိယအစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရန် ဆောင်ရွက်သွားလိုသည်များ ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိအာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံအရေးကိစ္စနှင့်အစည်းအဝေးများဆောင်ရွက်နေမှုအခြေအနေတို့အား အိန္ဒိယနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Ms. Ina H. Krisnamurthi ကရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံနိုင်ငံ သံအမတ်ကြီးများက ဆွေးနွေးခဲ့ကြသည်။ 

မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Kuong Koy အား အာဆီယံသံအမတ်ကြီးများမှကြိုဆိုသည့် နေ့လည်စာစားပွဲသို့လည်း တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here