သင်္ဃန်းကျွန်းမြို့နယ်တွင် TOYOTA CELSIOR ကားပေါ်မှ ငွေကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
129

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် TOYOTA CELSIOR ကားပေါ်မှ ငွေကျပ်သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မတ်လ ၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်၌ သတင်းအရ သက်သေများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ထွန်းသိန်း(ခ)အောင်လေး မောင်းနှင်လာသည့် TOYOTA CELSIOR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

လက်ရှိအချိန်တွင် ထွန်းသိန်း(ခ)အောင်လေး(၄၄)နှစ်အား သု၀ဏ္ဏနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here