ပြည်တွင်းထွက် ရော်ဘာကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထား

0
190

ပြည်တွင်းကထွက်ရှိသည့် ရော်ဘာတွေကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

လက်ရှိတွင် ပြည်ပကိုပုံမှန်အတိုင်း ရော်ဘာများတင်ပို့နေပြီး သတ်မှတ်ထားသည့် ၆၅-၃၅ စနစ်သည် ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အခက်ခဲဆုံးပြဿနာဖြစ်နေကြောင်း၊ ရော်ဘာတင်ပို့နှင့်ပတ်သက်ပြီး လက်ရှိတွင် အဓိက Quality Control ပိုင်းကိုသွားနေတာဖြစ်သည့်အတွက် ပစ္စည်းကောင်းကောင်းထုတ်ရင် ဈေးကောင်းကောင်းရတယ်ဆိုသည့် အကြောင်းကိုခြံရှင်တွေနှင့် တောင်သူငယ်တွေကို သိစေချင်ကြောင်း ၎င်းကဆိုသည်။

ရာဘာခြံပိုင်ရှင်ကြီး တစ်ဦးကလည်း “ပို့ကုန်ဦးစားပေးစနစ်ကိုသွားမည်ဆိုပါက ၆၅-၃၅ စနစ်ကို အစိုးရမှ ပြန်လည်စဉ်စားသင့်ကြောင်း၊ရာဘာသည် ပြည်တွင်း ဖြုန်းအားထက် ပြည်ပဝယ်ယူလိုမှုကပိုများကြောင်း ၊ ယခုအခါ ကိုးရီးယားနိုင်ငံကပင် မြန်မာရာဘာ ဝယ်ယူရန် စိတ်ဝင်စားလာကြောင်း ၊ ပို့ကုန်သမားတွေ အဆင်ပြေမှသာလျှင် ရာဘာစိုက်ပျိုးထုတ်လုပ်သူများလဲပို၍အဆင်ပြေလာမှာ ဖြစ်ကြောင်း ၊နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံရောင်းဝယ်လာရရင်တော့ ရာဘာစိုက်ပျိုးသူများအနေဖြင့် ရာဘာ အရည်အသွေးကိုတော့ ထိန်းသိမ်းဆောင်ရွက်သွားဖို့တော့ လိုအပ်မည်ဖြစ်ကြောင်း”ကို ​ပေါ်ပြူလာနယူးစ်သို့​ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးတွင် ရော်ဘာစိုက်ဧက တစ်သန်းခြောက်သိန်းကျော်ရှိပြီး ဧက ရှစ်သိန်းကျော်ကနေ တစ်နှစ်လျှင် တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်နေကြောင်း ၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပကိုရော်ဘာတန်ချိန် နှစ်သိန်းကျော် တင်ပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။ လက်ရှိ ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၈၀ ပေါက်ဈေးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here