ထိုင်းနိုင်ငံသားမူးယစ်တရားခံပြေးအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးဗဟိုအဖွဲ့မှ ထိုင်းသို့ လွှဲပြောင်းပေးခဲ့

0
137

ထိုင်းနိုင်ငံသား မူးယစ်တရားခံပြေး Mr.Jetsada Yaping(ခ)Mr.ကျေစဒါးရာပိယမ့်(ခ)ကျေး(ခ)လီဖာအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)မှ ထိုင်းနိုင်ငံ၊မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)ထံ မတ် ၉ ရက်မွန်းတည့်ပိုင်းက ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ယမန်‌နေ့မွန်းတည့် ၁၂ နာရီခွဲက တာချီလိတ်မြို့၊ မြန်မာ-ထိုင်းနယ်စပ်အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဇော်လင်းအောင်နှင့်တာဝန်ရှိသူများက ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှတာဝန်ရှိသူများထံ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့သည်။

ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့်အလိုရှိတရားခံပြေး Mr.JetsadaYaping(ခ)Mr. ကျေ့စဒါးရာပိယမ့် (ခ)ကျေး(ခ)လီဖာအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ၂၀၂၂ ခုနှစ်၊နိုဝင်ဘာ ၁ ရက်က တာချီလိတ်မြို့၌ ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် တာချီလိတ်မြို့မရဲစခန်းမှ ရှမ်းပြည်နယ်ယစ်မျိုးအမိန့် အပိုဒ်- ၃ အရ ထောင်ဒဏ် ၂ လနှင့်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ ၁၃(၁)အရ ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ကာ ကျိုင်းတုံအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံခဲ့သည်။

ပြစ်ဒဏ်မှလွတ်မြောက်ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးတွင် မူးယစ်ဆေးဝါးတရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့မှုများအရ ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့်အလိုရှိတရားခံပြေးအား ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here