ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ အား/ကာ သိပ္ပံ

0
107

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၄) အဖြစ် ရှမ်းယူနိုက်တက်နဲ့ GFA၊ အား/ကာ သိပ္ပံ (ISPE) နဲ့ ကချင်ယူနိုက်တက်တို့ ယနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အား/ကာ သိပ္ပံ (ISPE) နဲ့ ကချင်ယူနိုက်တက် ပွဲစဉ်မှာ အား/ကာ သိပ္ပံအသင်းက ၄ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပိုမိုတ်ိုးတက်လာတဲ့ အား/ကာသိပ္ပံ (ISPE) အသင်းဟာ ပွဲစဉ် ၄ ပြီးဆုံးချိန်မှာတော့ ၃ ပွဲနိုင်ပြီး ၁ ပွဲရှုံးထားပါတယ်။

YUSC ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်နဲ့ GFA ပွဲစဉ်မှာလည်း လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်က ၅ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်ဟာ ဒီရာသီမှာလည်း ချန်ပီယံခြေစွမ်းကိုပြသနေပြီး ပွဲစဉ် ၄ ပြီးဆုံးချိန်အထိ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပါတယ်။

မနက်ဖြန်မှာတော့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၄) မှာစောင့်ကြည့်အသင့်ဆုံးပွဲစဉ်ဖြစ်တဲ့ တန်းတက်လာပြီး ရှုံးပွဲမရှိသေးတဲ့ ဒဂုံစတားယူနိုက်တက်နဲ့ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here