ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ၂ လဆက်တိုက်ရခဲ့တဲ့ Marcus Rashford

0
268

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး Marcus Rashford ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို ထပ်မံရရှိခဲ့ပါတယ်။

Marcus Rashford ဟာ ဇန်နဝါရီလကလည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့အတွက်် ဒီဆုကို ၂ လဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာ ၃ ကြိမ်မြောက်အထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် Marcus Rashford ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ပေးတဲ့ ဖေဖော်ဝါရီလအတွင်း အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

နည်းပြသစ်် Erik Tan Hag လက်အောက်မှာ သိသိသာသာ ခြေစွမ်းတိုးတက်လာတဲ့ Marcus Rashford ဟာ လက်ရှိ ၂၀၂၂/၂၀၂၃ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၆ ဂိုးထိ သွင်းယူထားနိုင်ပြီး မန်ချက်စတာစီးတီးတိုက်စစ်မှုး ဟာလန်း၊ PSG တိုက်စစ်မှုး ဘာပေ ပြီးနောက် တတိယဂိုးသွင်း အများဆုံးသူဖြစ်လာပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here