ရေကန်တောင် ကန်အမှတ်-၇တွင် သေဆုံးနေသည့်အမျိုးသား တစ်ဦး၏ရုပ်အလောင်းတွေ့ရှိ

0
240

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရပ်ကွက်(၅)ရှိ ရေကန်တောင် ကန်အမှတ်-၇ တွင် မတ် ၁၀ ရက်(ယနေ့) နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က လားရှိုးမြို့၊ရပ်ကွက်(၅)၊ရေကန်တောင်ရှိ ကန်အမှတ်-၇ တွင် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“လူလတ်ပိုင်းတစ်ယောက်ပါ ပြင်ပဒဏ်ရာမတွေ့ရဘူး မြို့မရဲစခန်းကတာဝန်ရှိတဲ့လူတွေစစ်ဆေးပြီးတဲ့အချိန်မှာ သေဆုံးရတဲ့အကြောင်းကိုရင်ခွဲစစ်ဆေးနိုင်ဖို့အတွက် ရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

သေဆုံးသူ၏ရုပ်အလောင်းအား လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ PR-003 ဖြင့်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here