မီးကေဘယ်ကြိုး အခိုးခံရပြီးရန်ကုန်မြို့နယ်အချို့ မီးပြတ်နေ၊မသင်္ကာသူများတွေ့ရှိပါကဝိုင်းဝန်း အကြောင်းကြားပေးပါ

0
216

ရန်ကုန်တိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သွယ်တန်းထားသည့် မြေအောက်ကေဘယ်ကြိုး အခိုးခံရသည့်အတွက် မီးပြတ်တောက်မှုရှိခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့ မနက်ပိုင်းတွင် လှိုင်၊ မရမ်းကုန်းနှင့် ကမာရွတ်မြို့နယ်တွေကို သွယ်တန်းထားသည့် ၆၆ ကေဗွီမြေအောက် ကေဘယ်ကြိုး(၁)ချောင်း ဖြတ်တောက်ခိုးယူခံရကြောင်း၊ အဆိုပါလိုင်းအပြစ်ကြောင့် ဓာတ်အား ပြတ်တောက်ခဲ့သည့် 66KV RIR ခွဲရုံ၊ 33kV မြကန်သာခွဲရုံ နှင့် 33kV တော်ဝင်ဖီဒါခွဲရုံမှ ဖီဒါများအား တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်၍ ၂၃၀kV သာကေတ ဓာတ်အားပေးစက်ရုံမှဓာတ်အားဖြင့် ယာယီဓာတ်အားဖြန့်ဖြူး ပေးထားခဲ့ပြီး 66kV မြေအောက်ကေဘယ်အား အစားထိုးပြုပြင်ခြင်းကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ကဲ့သို့ ဓာတ်အားလိုင်း၊ ကေဘယ်ကြိုးများ ခိုးယူခံရ၍ ဓာတ်အားလိုင်းပြတ်တောက်မှုမရှိစေရန်အတွက် မသင်္ကာသူများတွေ့ရှိပါက သက်ဆိုင်ရာမြိုနယ်လျှပ်စစ်ရုံးများသို့ အကြောင်းကြားပေးပါရန် အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here