YBSယာဉ်အစီးရေ ၅၀၀၀ ကျော်တွင်  ၃၀၀၀ နီးပါး YPS ကတ်စနစ်တပ်ဆင်ပြီးဖြစ်

0
137

YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခပိုမိုကောက်ခံခြင်းမရှိစေရန်နှင့် ခရီးသည်များ ယာဉ်စီးခပေးချေရာတွင် အဆင်ပြေစေရန်အတွက် YPS စနစ်ကိုဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိတွင် အစီးရေ ၅၇၆၀ တွင် ၂၆၉၅ စီးတပ်ဆင်ပြီးဖြစ်ကာ ကျန်ရှိနေသေးသည့် ယာဉ်များတွင်လည်း မကြာခင်တပ်ဆင်သွားမည်ဖြစ်ကြောင်း YRTC မှသိရသည်။

ယင်းအပြင် YPS ကတ်ဖြတ်သည့်စက်ကို ကတ်ဖြတ်၍မရအောင်ဆောင်ရွက်ထားခြင်း၊ စက်ပိတ်ထားခြင်း၊ စက်ဖြုတ်ထားခြင်းတို့ကို ပြုလုပ်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ခရီးသည်အများဆုံးတိုင်ကြားသည့် ဖြစ်စဉ်တွင် ယာဉ်စီးခပိုမိုကောက်ခံသည့်အမှုမှာ ပိုများကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ မော်တော်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ YBS ယာဉ်အစီးရေသုံးထောင်ကျော်ဖြင့် ခရီးသည် ၁ ဒသမ ၄ သန်းကျော်ကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here