မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုး ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိထား

0
218

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၁ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၃ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံကျော်ရှိကာ သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တင်ပို့မှုထက် ပိုမိုရရှိထားကြောင်း စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဖက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် ၊ လာအို၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ယင်းတွင် ထိုင်းနိုင်ငံနှင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားသည်။

အဆိုပါနိုင်ငံများသို့ အဓိကတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး၊ရေထွက်ကုန်ပစ္စည်း နှင့် တွင်းထွက်ပစ္စည်းများ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here