တရုတ်သမ္မတ ရှီကျင့်ဖျင် (၃)ကြိမ်မြောက် သမ္မတသက်တမ်း (၅)နှစ် ဆက်ယူ၊ တရုတ်တပ်မတော်၏ စစ်ဦးစီးချုပ်တာဝန်ကိုပါယူ

0
647

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ်အဖြစ် သမ္မတ သက်တမ်း (၅) နှစ်ကို ဆက်လက်ရယူကာ တရုတ်တပ်မတော်၏ စစ်ဦးစီးချုပ် ရာထူးကိုပါ တာဝန်ယူသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ရပ်မှ သိရသည်။

ယနေ့ မတ်လ (၁၀) ရက်တွင် ပြုလုပ်သည့် တရုတ်နိုင်ငံ အမျိုးသားကွန်ကရက်မှ သမ္မတ ရှီကျင့်ဖျင်အား တတိယအကြိမ်သမ္မတသက်တမ်းအတွက် ကန့်ကွက်သူမရှိ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သမ္မတရှီကျင့်ဖျင်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာမည်ဟု ကျမ်းသစ္စာကျိမ် ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် နှစ်အတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် တတိယအကြိမ်ပြိုင်ဘက်မရှိ ရွေးချယ်ခံရထားရသူဖြစ်ပြီး တနင်္လာနေ့တွင် ကျင်းပမည့် တတိယအကြိမ် ပါလီမန်အစည်းအဝေးပိတ်ပွဲတွင် မိန့်ခွန်းပြောကြားသွားမည်ဟုလည်း သိရသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်က အသက် (၆၉) နှစ်အရွယ် ရှိ‌ပြီဖြစ်သည့် သမ္မတရှီကျင့်ဖျင်အား တရုတ်နိုင်ငံ၏ သမ္မတအဖြစ် တတိယအကြိမ်မြောက် ထပ်မံရွေးချယ်ခဲ့သည့်အပြင် ကျောက်လုကျီအား ကွန်ဂရက်ဥက္ကဋ္ဌ ရာထူးနှင့် ဟန်ကျုံးကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် ကျန်ရှိနေသည့် ပါလီမန်အစည်းအဝေး (၂)ရက်အတွင်း တရုတ်နိုင်ငံ၏ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းသွားရန် ရှိနေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here