Looking for something?

Explore the website

Looking for something?

Wednesday, April 2, 2025

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင်...

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့...

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက်...

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင်...

ယနေ့ ဧပြီလ (၂) ရက်...

ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်
HomeArticlesChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား...

ChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား ? ChatGPTအပိုင်း(၅)

 ChatGPT ဟာ သူ့ကိုမေးသမျှမေးခွန်းတိုင်းကိုဖြေပေးနိုင်ယုံတင်မကဘဲ တကယ်ကို လက်ရာမြောက်တဲ့စာစီစာကုံးတွေပါရေးပေးနိုင်စွမ်းရှိပါတယ်။ ChatGPT ဟာ စာမလုပ် ချင်ဘဲဉာဏ်များတတ်တဲ့ ကျောင်းသားတွေရဲ့လက်ထဲကို အရင်ကမရှိခဲ့ဖူးတဲ့ လိမ်ညာလှည့်စားနိုင်တဲ့စွမ်းရည်တွေထည့်ပေးလိုက်သလိုဖြစ်နေပါတယ်။ 

 အမှန်ပါပဲ…သူ့မှာ ကျောင်းသားတစ်ဦးရဲ့ အိမ်စာကို စက္ကန့်ပိုင်းအတွင်း လုပ်ပေးနိုင်တယ်ဆိုတာထက်ကိုပိုတဲ့ စွမ်းဆောင်ရည်မျိုးရှိနေပါတယ်။ မင်နီဆိုးတား တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ Multiple-choice မေးခွန်းနဲ့ စာစီစာကုံးမေးခွန်းတွေပါတဲ့ ဥပဒေကျောင်း ၄ ကျောင်းကစာမေးပွဲ ၄ ခုကို ChatGPT အားဖြေဆိုခိုင်းကြည့်ရာမှာ C+ အဆင့်ရအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ChatGPT ရဲ့ AI ဟာ C+ အဆင့်ရတဲ့ ကျောင်းသားတွေနဲ့တောင်ယှဉ်နိုင်စွမ်းရှိနေပြီဖြစ်ပါတယ်။

 သူ့ရဲ့စွမ်းဆောင်ရည်က ဒါတင်မကသေးပါဘူး။ စီးပွားရေးတက္ကသိုလ်တစ်ခုက မေးခွန်းတွေကို ဖြေဆိုကြည့်ခိုင်းရာမှာ B ကနေ B- အဆင့်ရထားတယ်လို့ တွေ့ရပါတယ်။ ဒါပေမည့် ၆ တန်း အဆင့်သင်္ချာပုစ္ဆာတစ်ပုဒ်ကိုတွက်ခိုင်းတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အမှားတွေ တွက်ထုတ်ပေးထားပါတယ်။ အခုလိုတွက်ချက်မှုမှားတာတွေဟာ အလွန်ကြီးမားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

ChatGPT ကို Google ရဲ့ Software Developer အင်တာဗျူးတစ်ခုကိုဖြေဆိုခိုင်းကြည့်ရာ မှာတော့ လစာဒေါ်လာ ၁၈၃,၀၀၀ ရမည့် Level 3 Coder အဖြစ်အလုပ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုအလုပ်မျိုးရအောင်စွမ်းဆောင်နိုင်တယ်ဆိုတာ တစ်နည်းအားဖြင့်ဆို ရရင် Networking သမားတွေအတွက် အလုပ်ရှာနိုင်တဲ့ LinkedIn ဆိုရှယ်မီဒီယာမှာ Python ရေးနိုင်စွမ်းရှိသူ User သန်း ၄၀၀ ထက် ၈၅% ကျော် စွမ်းဆောင်ရည်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ 

လိမ်ညာလှည့်စားဖို့အတွက် AI ကနေထုတ်ပေးလိုက်တဲ့စာသားတွေကိုအသုံးပြုခြင်းက တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အခြားပညာရေးနယ်ပယ်အသီးသီးအတွက်အရေးကြီးတဲ့ မေးစရာမေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်။

အလားတူ အဖွဲ့အစည်းအချို့ကလည်း OpenAI အပါအဝင် အခုလက်ရှိ AI ကနေထုတ်ပေးတဲ့ စာသားတွေကိုစိစစ်နိုင်မည့် ဆော့ဖ်ဝဲလ်တစ်မျိုးကို တီထွက်နိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမည့်လက်တွေ့မှာ တော့ အဲ့ဒီဆော့ဖ်ဝဲလ်တွေရဲ့ အောင်မြင်နိုင်ချေဟာ ၂၆ % သာရှိသေးပြီး အပြုသဘောဆောင်တဲ့မှားယွင်းမှုဟာ ၉ % နှုန်းသာရှိပါသေးတယ်။

 ChatGPT မှာ လူသားတစ်ဦးလိုမျိုး စာရေးနိုင်စွမ်းတွေရှိနေတာ အဆန်းတော့ မဟုတ်လှပါဘူး။ အခုလိုမျိုးစာတွေရေးနိုင်ဖို့အတွက် AI language model GPT-3  နဲ့ လေ့ကျင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ ကွန်ပျူတာ ၂ လုံးနဲ့လေ့ကျင့်ပေးပါတယ်။ တစ်လုံးကရေးလိုက်တဲ့စာကို အခြားကွန်ပျူတာတစ်လုံးကနေ လူကနေရေးထားတာလား၊ ဒါမှမဟုတ် AI ကနေရေးပေးလိုက်တာလားဆိုတာကို ခန့်မှန်းခိုင်းပါတယ်။ အဲ့လိုလေ့ကျင့်ပေးထားတဲ့အတွက်ကြောင့် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ AI model က လူသားတစ်ဦးစာရေးတာနဲ့ပိုတူအောင်ထုတ်ပေးနိုင်စွမ်းရှိလာပါတယ်။

 AI ကထုတ်ပေးတဲ့စာလား၊ လူရေးထားတဲ့စာလားဆိုတာကို အလွယ်တကူစိစစ်ဖို့ဆိုရင် AI ကရေးထုတ်လိုက်တဲ့စာသားထဲကို လျို့ဝှက်ကုဒ်ထည့်ပြီးစစ်ဆေးနိုင်လိမ့်မယ်လို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမည့်လည်း ဒီလိုစမ်းသပ်ကြည့်ရင်တောင် AI ဘယ်လိုအလုပ်လုပ်‌နေသလဲဆိုတာကိုသိရဖို့က အတော်ကို ခက်ခဲမှာပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင် AI နည်းပညာထွန်းကားလာမည့် အနာဂတ်ကမ္ဘာကြီးထဲမှာ ဘယ်လိုတွေဆက်လက်နေထိုင်ရမလဲဆိုတာကို ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကျောင်းသားတွေအနေနဲ့ ပြင်ဆင်ထားရပါတော့မယ်။ AI နည်းပညာနဲ့ဖွံ့ဖြိုးတိုးတက်လာမည့် ကမ္ဘာလောကသစ်ကြီးထဲမှာ အလုပ်တွေကို AI နဲ့လုပ်ဆောင်ခြင်းဆိုတာက လူတွေရဲ့လုပ်ငန်းခွင်နဲ့ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ 

 နောက်ပြီး သင်ရိုးညွှန်းတမ်းတွေထဲမှာ AI နည်းပညာအကြောင်းတွေပါလာမှာဖြစ်သလို AI ကိုနားလည်ထားခြင်းက ပညာရေးကဏ္ဍအတွက် မရှိမဖြစ်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေတော့မှာဖြစ်ပါတယ်။

 AI နည်းပညာကြောင့် သင်ကြားလေ့လာရေးနည်းလမ်းတွေဟာလည်း ပြောင်းလဲတိုးတက်လာတော့မှာဖြစ်ပြီး ကျောင်းသားတွေရဲ့အဆင့်သတ်မှတ်ပေးတာမျိုးကအစ AI ကိုအသုံးပြုလာနိုင်တာကြောင့် ဆရာဆရာမတွေအတွက်လည်း အရင်ကထက် အဆင်ပြေလာစေမှာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့လေ့လာမှုပုံစံကို သိမြင်နိုင်ဖို့ အတွက်လည်း AI က ကူညီပေးမှာဖြစ်တာကြောင့် ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပိုပြီးသင်ကြားပေးနိုင်မလဲဆိုတာကအစ ဆရာ၊ဆရာမတွေကိုအကြံဉာဏ်ပေးနိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက်တော့ နားမလည်တဲ့စာတွေကိုချက်ချင်းမေးလိုက်တာနဲ့ ပြန်ဖြေပေးနိုင်တဲ့ ဆရာတစ်ဦးအဖြစ်နဲ့တင်မကဘဲ စာပါကူလုပ်ပေးနိုင်မည့်အဖော်တစ်ဦး အဖြစ်လည်း AI ကကူညီပေးနိုင်ပါတယ်။ ပညာရေးကဏ္ဍမှာ AI အသုံးပြုခြင်းနဲ့ ပတ်သက်လို့ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုတွေ၊ ကန့်သတ်ချက်တွေရှိတယ်ဆိုပေမည့်လည်း AI နည်းပညာ ဟာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် သင်ယူလေ့လာမှုနည်းလမ်းတွေကို တစ်ဖြေးဖြေးချင်း အဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

အပိုင်း(၄)

အပိုင်း(၃)

အပိုင်း(၂)

အပိုင်း(၁)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကွန်းဒေသရှိ မင်းကွန်း ဗုဒ္ဓဘာသာဘိုးဘွားရိပ်သာတွင် အဘိုးအဘွားများနှင့် ဝန်ထမ်းများအပါအဝင် လူဦးရေ (၁၅၀) ဝန်းကျင် အကူအညီများ လိုအပ်နေကြောင်း အဆိုပါ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ဘိုးဘွားရိပ်သာရှိသည့် နေရာသည် တိုက်ပွဲများဖြစ်ပွားရာ နေရာဖြစ်သည့်အတွက် အနီးပတ်ဝန်ကျင် ကျေးရွာများ၌ ရွာသူရွာသားများ တစ်ဦးတစ်ယောက်မျှ နေထိုင်တော့ခြင်း မရှိတော့ကြောင်း ပေါ် ပြူလာနယူးစ်၏ သတင်းထောက်မှ မျက်မြင်အတည်ပြုထားနိုင်သည့် အခြေအနေဖြစ်သည်။ " အလိုအပ်ဆုံးကတော့ စက်သုံးဆီပေါ့နော်။ ပြီးတော့ အဘိုးအဘွားတွေအတွက် ဆေးဝါးနဲ့ မုန့်ပဲသရေစာလည်းလိုအပ်တယ်။...

မုတ်သုန် မဝင်ခင် မြန်မာကို ကူညီကြဖို့ ကုလ တိုက်တွန်း

       သေဆုံးသူ ၃,၀၀၀ ကျော်လာမည်ဟု ခန့်မှန်းရသော ဆိုးရွားသည့် အခြေအနေများသည် မိုးရာသီဝင်ရောက်ချိန်တွင် ပိုမိုဆိုးရွားလာနိုင်သောကြောင့် ယင်းမတိုင်ခင် အကူအညီများ မြန်မြန်ဆန်ဆန်လုပ်ကြရန် မြန်မာငလျင်နှင့် ပတ်သက်၍ စစ်တမ်းကောက်ယူခဲ့သော ကုလသမဂ္ဂအရာရှိများက ကမ္ဘာ့အသိုက်အဝန်းကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။         အဆောက်အအုံများ၊ လမ်းများနှင့် တံတားများ ပျက်စီးခဲ့ပြီးနောက် သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အစားအစာ၊ အမိုးအကာနှင့် ဆေးဝါးများသည် အရေးကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဌာနေ ညှိနှိုင်းရေးမှူး Marcoluigi Corsi က နှစ်ရက်ကြာ လေ့လာမှုခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။          “အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့...

လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ လျော့ကျလာပြီး ငလျင်လှုပ်ခတ်ခဲ့သည့် အထက်ဘက် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဟု ဦးဝင်းနိုင်သုံးသပ်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်း အထိ လျော့ကျလာသောကြောင့် အထက်ဘက်ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများတွင် မိုးရွာနိုင်ချေ အလွန်နည်းပါးနိုင်မည်ဖြစ်ကြောင်း ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ (၂) ရက် နံနက်အစောပိုင်းက ခန့်မှန်းရေးသားချက်အရ သိရသည်။ ၎င်းက WINDY တွင် ECMWF, GFS နှင့် ICON model များက ဧပြီ (၄) ရက်တွင် အားပျော့သော လေဖိအားနည်းရပ်ဝန်းအဆင့် ဖြစ်လာနိုင်သည်ဟု ဖော်ပြထားကြောင်းနှင့် အမှန်တကယ်ဖြစ်လာနိုင်မည့် ဧပြီ (၄)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071