လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၄ ဘီလီယံကျော်ရရှိထား

0
515

၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၄ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖောပြထားသည့်ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈ ဘီလီယံကျော်ရရှိခဲ့ပြီး ကန်ဒေါ်လာ ၃၄ သန်းကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။

ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့်ပြောင်းတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် အဓိကတင်ပို့သည့် ပစ္စည်းများဖြစ်ပြီး သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များကိုလည်း အခြားနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ် ၊ စင်ကာပူ ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

ပြည်ပသို့တင်ပို့သည့် ပို့ကုန်များအနက် ရေထွက်ကုန်ကဏ္ဍ၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားကဏ္ဍတင်ပို့မှုသည်လည်း ယခုဘဏ္ဍာနှစ်တွင် တင်ပို့မှုလျော့ကျနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here