အထက်ပုဇွန်တောင်လမ်းမပေါ်တွင် ကား ၃ စီးဆင့်တိုက်

0
188

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ ရုံးလေးမှတ်တိုင်ရှေ့တွင် မတ် ၁၀ ရက်ညက ကား ၃ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၇ နာရီခွဲကျော်ခန့်က အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ ရုံးလေးမှတ်တိုင်ရှေ့တွင် Mitsubishi Pajero ၊ Toyota Vitz နှင့် Canter ကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကား ၃ စီးဆင့်တိုက်တယ် သတင်းကြားလို့ကူညီကယ်ဆယ်ရေးသွားလုပ်ပေးခဲ့ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး သက်ဆိုင်ရာယာဥ်ထိန်းတပ်ဖွဲ့ကိုအကြောင်းကြားပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ လူထိခိုက်ဒဏ်ရာရရှိမှုများမရှိခဲ့ဘဲ ပျက်စီးမှုများအား မင်္ဂလာတောင်ညွှန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Photo-မင်္ဂလာတောင်ညွှန့်လူငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here