ငွေကျပ် ၂၄၀၀၀၀ ရယူ၍ Passport ပြုလုပ်ပေးသည့် ပျဥ်းမနားမြို့နယ်နေအမျိုးသမီးအား ဖမ်းဆီး

0
277

နေပြည်တော်၊ပျဥ်းမနားမြို့နယ်၊ပေါင်းလောင်း (၂)ရပ်ကွက်တွင် ငွေကျပ် ၂၄၀၀၀၀ ရယူ၍ Passpost ပြုလုပ်ပေးသည့် မဝင်းမင်းသန်(၄၂) နှစ်အား မတ် ၉ ရက်ညပိုင်းက လုံခြုံရေးအဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

မတ် ၇ ရက်က လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် “နေပြည်တော်အသိုင်း အဝိုင်း” Facebook Group “Win Min Thant” Facebook Account ပိုင်ရှင်၏ “နေပြည်တော် ၈ မြို့နယ်အိမ်ထောင်စုဖြင့် ပတ်စ်ပို့အမျိုးမျိုးကို ယုံ ကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန်ဖုန်းနံ ပတ် 09422116161″ဟုရေးသားဖော်ပြမှုနှင့်ပတ်သက်၍လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းခဲ့ကြသည်။

ထို့နောက် မတ် ၈ ရက်ည ၇ နာရီတွင် ပါရှိသည့်ဖုန်းနံပတ် 09-422116161 သို့ဆက်သွယ်စုံစမ်းခဲ့ရာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အသစ်(သို့) သက်တမ်းတိုးလျှောက်ထားပါက ၎င်းအား ငွေကျပ် ၂၄၀၀၀ဝ ပေးချေရမည်ဖြစ်ကာ လျှောက် ထားသူသည် မှတ်ပုံတင်မိတ္တူ ၂ စုံ၊သန်းခေါင်စာ ရင်းမိတ္တူ ၂ စုံယူဆောင်၍ ပျဉ်းမနားတရားရုံးရှေ့ရှိ ၎င်း၏နေအိမ် “ရွှေလဝန်းမိတ္တူသို့ စရံငွေ ၁၀၀၀၀ဝ နှင့်အတူ ယုံကြည်စိတ်ချစွာလာရောက်အပ်နှံနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် PJ အမျိုးအစားလျှောက်ထားပါက မြို့ နယ်အလုပ်သမားရုံးမှ လေဘာကတ်ယူဆောင်လာရမည်ဖြစ်ကာ လေဘာကတ်ယူဆောင်ရန် အခက်အခဲရှိပါက ၅၀၀ဝ ကျပ် ထပ်ပေးရမည်ဖြစ်ပြီး အလုပ်အပ်မည်ဆိုပါက စရံငွေနှင့်အတူ ၎င်း၏နေအိမ်သို့ လာရောက်အပ်နှံနိုင်သည်ဟုလည်း ဖြေကြားခဲ့သည်။

အလုပ်အပ်နှံသည့်နေ့မှစ၍ တစ်ပတ်အတွင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၂ ပတ်အတွင်း စာအုပ်ရရှိမည်ဟုလည်း ဖြေကြားခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက မတ် ၉ ရက်ည ၉ နာရီ ၁၅ မိနစ်တွင် ပျဉ်းမနားမြို့၊ပေါင်းလောင်း(၂)ရပ်ကွက်ရှိ “ရွှေလဝန်းမိတ္တူ” ဆိုင်သို့ သွားရောက်၍ အခကြေးငွေယူကာ နိုင်ငံကူးလက် မှတ်တစ်ဆင့်ခံပြုလုပ်ပေးသူ မဝင်းမင်းသန်(၄၂) နှစ်အားဖမ်းဆီး၍ ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here