ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ပို့မည့် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်များအားလဖက်​​ခြောက်ထုပ်ပုံစံထုပ်ပိုးပြီးဆီ​ဘောက်ဆာကားဖြင့်သယ်လာရာ ဖမ်းမိ

0
238

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ဆီဘောက်ဆာကားအ တွင်းမှ မတ် ၄ ရက်မွန်းတည့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)မှရန်ကုန်တိုင်းသို့ ဆီဘောက်ဆာကားဖြင့် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်မည့် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက သာစည်မြို့နယ်၊ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းတွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ကလောမြို့နယ်ဘက်မှသာစည်မြို့နယ်ဘက်သို့ သိန်းဝင်းဆွေ(ခ)မဲကြီးမောင်းကာ ကျော်ခိုင်ထွေး လိုက်လာသည့် ၈ ဘီးဆီဘောက်ဆာကားအားရှာလဖွေရာ ကားကိုယ်ထည်အတွင်း သိုဝှက်သယ် ဆောင်လာသည့် ငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅ တန်ကိုဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ အိုက်စ်(မက်သ်အဖက်တမင်း)များသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကိုဘုန်း(ခ)ဘုန်းနိုင်ဝင်းအား မတ် ၅ ရက်မွန်းတည့် ၁၂ နာရီတွင် တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ(၁၂) နေအိမ်တွင် FORD ကား ၁ စီးနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်၊

ယခင်ဖမ်းဆီးရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား လက်ဖက်ခြောက်အိတ်ခွံအမျိုးမျိုးဖြင့်ထုပ်ပိုး၍ ယခုဖမ်းဆီးရမိခဲ့သည်များအား လက်ဖက်ခြောက်အိတ်ထုပ်ပိုးခွံအမှတ်တံဆိပ်အ သစ်ဖြင့်ထုပ်ပိုးကာ ရှမ်းပြည်နယ်မှရန်ကုန်တိုင်းသို့သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ပင်လယ်ရေ ကြောင်းဖြင့် ပြည်ပသို့သယ်ဆောင်မည်ဖြစ် ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် အိုက်စ်(မက်သ်အဖက်တမင်း)များနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here