ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် သံနန်းလွန်းကြိုး မပါသည့် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ယာဉ်

0
273

တောင်ကိုရီးယားသည် သံနန်းလွန်းကြိုးများမပါသည့် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ယာဉ်ကို ဆိုးလ်မြို့ရှိ ဟနူး ပန်းခြံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

“ဆိုးလ်ရင်းဇီးရိုး” ဟု အမည်ပေးထားသည့် အဆိုပါ ချားရဟတ်သည် ၁၈၀ (၅၉၁ ပေ) မြင့်မားမည်ဖြစ်ပြီး သာမန်ချားရဟတ်များကဲ့သို့ အလယ်မှ သံနန်းလွန်းကြိုးများဖြင့် သွယ်တန်းထားမည်မဟုတ်ကြောင်း ဆိုလ်းမြို့တော်အစိုးရက ကြေညာထားသည်။

ဆိုးလ်ရင်းဇီးရိုး ကို ကမ္ဘာ့ဖလား အားကစားရုံနှင့် ဟန်မြစ်အနီးတွင် ဆောက်လုပ်မည်ဖြစ်သောကြောင့် ဆိုးလ်မြို့၏ လှပသော ရှုခင်းများကို အပေါ်စီးမှနေ၍ တဝကြီး ရှုစားနိုင်မည်ဖြစ်သည်။ ထို့ပြင် ထူးခြားချက်အနေဖြင့် ထိုချားရဟတ်အား ဆိုလာစွမ်းအင်ဖြင့် လည်ပတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချားရဟတ်ယာဉ်ကြီးတွင် ယာဉ်တွဲပေါင်း ၃၆ တွဲ ပါရှိမည်ဖြစ်ပြီး အများဆုံး လူ ၂၅ ယောက် လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ဆိုးလ်ရင်းဇီးရိုး ကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်မှု ပြီးစီးရန် မျှော်မှန်းထားသည်ဟု သိရသည်။

ဆောက်လုပ်မှုပြီးစီးပါက ဆိုးလ်ရင်းဇီးရိုင်းသည် သံနန်းလွန်းကြိုး မပါသည့် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ် သာမက ကမ္ဘာ့ဒုတိယအမြင့်ဆုံး ချားရဟတ်ယာဉ်လည်း ဖြစ်လာမည် ဖြစ်သည်။

ယခုလက်ရှိ ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ချားရဟတ်ယာဉ်မှာ ဒူဘိုင်းတွင်ရှိပြီး သံနန်းလွန်းကြိုးမပါသည့် ကမ္ဘာ့အမြင့်ဆုံး ချားရဟတ်ယာဉ်မှာမူ တရုတ်နိုင်ငံ ရှန်ဒေါင်းမြို့တွင် တည်ရှိသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here