လေဖြန်းထားသည် (၆၉)နှစ်အရွယ် အမျိုးသား အဝတ်ထွက်လှမ်းစဥ် ၅ လွှာတိုက်ခန်းပေါ်မှပြုတ်ကျသေဆုံး

0
197

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်ရှိ တိုက်ခန်းတစ်ခု၏ ၅ လွှာပေါ်မှ လေဖြန်းထားသည့် အသက် (၆၉)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံးခဲ့မှု မတ် ၁၁ ရက်(ယနေ့) နံနက်က ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ပြီး သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှကူညီကယ်ဆယ်ရန်သွားရောက်ခဲ့ကြသည်။

ပြုတ်ကျခဲ့သည့် အမျိုးသားသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

“သေဆုံးတဲ့အမျိုးသားက တစ်ယောက်ထဲနေတာ။ တိုက်နောက်ဖက်မှာ အဝတ်ထွက်လှမ်းရင်းပြုတ်ကျသွားတာ။ ကျွန်တော်တို့ရောက်တော့ သူ့လက်ထဲမှာလည်း အဝတ်တွေပါတယ်။ ဘယ်ဘက်တစ် ခြမ်းလုံးထိခိုက်သွားတယ်။ လက်ကောက်ဝတ်ကျိုးပြီးအရိုးပါပေါ်နေတယ်။ ဖြစ်စဥ်ဖြစ်အပြီးမှာသူ့သားလည်းရောက်လာပါတယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here