သီရိလင်္ကာ၏ဒေဝါလီခံရမှုအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍမှပါဝင်မည်ဖြစ်ကြောင်း တရုတ်ပြောကြား

0
153

သီရိလင်္ကာနိုင်ငံ၏ ဒေဝါလီခံရမှုနှင့်ကြွေးမြီပေးဆပ်ရေး အစီအစဉ် ပြန်လည်ရေးဆွဲမှု၌ အပြုသဘောဆောင်သောကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ သီရိလင်္ကာသည် မကြုံစဖူးသော စီးပွားရေးအကျပ်အတည်းနှင့်ကြုံတွေ့ခဲ့ရပြီး အဆိုးရွားဆုံးသောအခြေအနေများနှင့်ရင်ဆိုင်ခဲ့ရသည်။

တရုတ်နိုင်ငံအနေဖြင့် သီရိလင်္ကာ၏ လက်ရှိအခက်အခဲများကိုရင်ဆိုင်ဖြေရှင်းရာ၌သော်လည်းကောင်း၊ ၎င်း၏ကြွေးမြီဝန်ထုပ်အားဖြေလျှော့ပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးသည့်တိုးတက်မှုရရှိအောင်ကူညီပေးနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့်နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိနေသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စနောင်နင်ကပြောကြားခဲ့သည်။

သီရိလင်္ကာအနေဖြင့်လည်း လက်ရှိအချိန်၌ နိုင်ငံ၏ပျက်စီးနေသောငွေကြေးများကို ပြန်လည်ထူထောင်နိုင်ရန်လုပ်ဆောင်နေပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ထံမှလည်း ကယ်ဆယ်ရေးအစီအစဉ်ကိုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော်လည်း သီရိလင်္ကာ၏အကြီးဆုံးမြီရှင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်လည်း အဆက်မပြတ်ညှိနှိုင်းနေရသေးသည်။ပေကျင်းဘက်မှလည်း သီရိလင်္ကာ၏ကြွေးမြီရှင်းလင်းရေးကိစ္စများနှင့် ကာလရှည်စောင့်ဆိုင်းနေခဲ့ရသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ထောက်ပံ့မှုရရှိရန်လည်းကူညီမည်ဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here