ကားပေါ်ပြည့်ကြပ်စွာစီးနင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦး ပထုမ်ဌာနီခရိုင်တွင်ဖမ်းခံရ

0
252

ထိုင်းနိုင်ငံ၊ပထုမ်ဌာနီခရိုင်ရှိ အဝေးပြေးလမ်းမကြီးပေါ်၌ ကားတစ်စီးပေါ်တွင် ပြည့်ကြပ်စွာလိုက် ပါလာသည့် မြန်မာနိုင်ငံသား ၁၈ ဦးအား မတ် ၉ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပထုမ်ဌာနီခရိုင်ရှိ အဝေးပြေးလမ်းမကြီးပေါ်၌ မောင်းနှင်လာသည့် အံစာတုံးကားအား အဝေးပြေးလမ်းတာဝန်ကျယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ကားပေါ်တွင်ပြည့်ကြပ်စွာလိုက်ပါလာသူ ၁၈ ဦးအားတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ရာ ထိုင်းနိုင်ငံအလယ်ပိုင်းတွင်အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ၎င်းတို့သည် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်းကိုလည်း ထွက်ချက်​ပေးထားသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စမ်ခို့ ရဲစခန်းသို့လွှဲပြောင်းပို့ဆောင်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here