ရန်ကုန် – ပြည်ကားလမ်းမတွင် ဘုရားဖူးယာဉ်တိုက်မှုကြောင့် သံဃာ ၂ ပါး အပါအ၀င် ၂၀ ကျော် ဒဏ်ရာရရှိ

0
229

ရန်ကုန် – ပြည်ကားလမ်းမတွင် ယနေ့နံနက်က ဘုရားဖူးယာဉ်တိုက်မှုကြောင့် သံဃာ ၂ ပါး အပါအ၀င် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဓမ္မဝိဇယ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မင်းလှမြို့ နှင့် စစ်ကွင်းမြို့ကြား၊ ရန်ကုန် – ပြည်ကားလမ်းမတွင် ယနေ့ (မတ်လ ၁၁ ရက်) နံနက် ၇ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီးသည် လမ်းမပေါ်ရပ်နားထားသော ၁၂ ဘီးကားနောက်ပိုင်းအား တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဥ်ပေါ်လိုက်ပါလာသူများမှာ မင်းလှမြို့နယ်၊ ရှားဖြူကွင်းကျေးရွာနေသူများ ဖြစ်သည်ဟု သိရသည်။

“ကားပေါ်လိုက်ပါလာသူ ၂၀ ကျော် ဒဏ်ရာရရှိတယ်၊ ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့သူ ၁၁ ဦးရှိပေမယ့် အသက်အန္တရယ်မစိုးရိမ်ရပါဘူး၊ မင်းလှ၊ သာယာ၀တီနဲ့ ရန်ကုန်ဆေးရုံကြီးတို့ကို အသီးသီး ပို့ဆောင်ထားပါတယ်” ဟု ဓမ္မဝိဇယ လူမှုကူညီရေးအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

ထိုသို့ ယာဉ်တိုက်မိမှုကြောင့် ယာဉ်ပေါ်လိုက်ပါသူ ၂၀ ကျော် ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် သံဃာ ၂ ပါး အပါအ၀င် ၆ ဦး အား ရန်ကုန်ဆေးရုံကြီးသို့လည်ကောင်း၊ ကျန်ရှိ လူနာ ၆ ဦး အား သာယာဝတီခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရသည်။

ဓာတ်ပုံ – ဓမ္မဝိဇယ သတင်းနှင့်ပြန်ကြားရေး


LEAVE A REPLY

Please enter your comment!
Please enter your name here