လျှပ်စစ်ကားအားသွင်းရုံအချို့တည်ဆောက်မှု ၆၀ ရာခိုင်နှုန်းပြီးစီး

0
183

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်တွင် လျှပ်စစ်သုံးယာဉ် EV Fast Charging Station များတည်ဆောက်နေမှုများမှ ရန်ကုန်ဘူတာကြီးရှေ့ပန်းဆိုးတန်းခုံးကျော်တံတားဘေးနေရာတွင် တည်ဆောက်နေသည့် လျှပ်စစ်ကားအားသွင်းရုံမှာ ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပြောသည်။

လက်ရှိတည်ဆောက်နေသည့် လျှပ်စစ်သုံးယာဉ် EV Fast Charging Station နေရာများမှာ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံ-ဧရာအဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်း၊ အလုံမြို့နယ် သခင်မြပန်းခြံ၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်းခုံးကျော်တံတားဘေးနေရာတွင် တည်ဆောက်နေခြင်းဖြစ်သည်။

အဆိုပါ လျှပ်စစ်ကားအားသွင်းရုံများကို သုံးလအတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက နိုင်ငံပိုင်သတင်းစာတွင် ပြောကြားထားသည်။

ယင်းအပြင် ပြည်ပမှ အခွန်ကင်းလွတ်ဖြင့်တင်သွင်းလာသည့် အားသွင်းစက်များလည်း ရောက်ရှိနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here