နိုင်ပွဲရခဲ့ပေမယ့် အဆင့် (၁) နေရာက ဆင်းခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်

0
239

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၄) အဖြစ် ဒဂုံစတားယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်တို့ ယနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၄) ရဲ့ စောင့်ကြည့်အသင့်ဆုံး ရန်ကုန်ဒါဘီ ပွဲစဉ်ဖြစ်တဲ့ တန်းတက်လာပြီး ရှုံးပွဲမရှိသေးတဲ့ ဒဂုံစတားယူနိုက်တက်နဲ့ ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ ရန်ကုန်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရန်ကုန်ယူနိုက်တက်က ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်ဟာ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပေမယ့် ပွဲစဉ် (၄) ပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်က သွင်းဂိုး ပိုမိုများပြားနေတာကြောင့် အဆင့် (၁) နေရာကနေ ဖယ်ပေးခဲ့ရပါတယ်။

ဒီရာသီမှာမှ တန်းတက်လာပြီး ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဒဂုံစတားယူနိုက်တက်ဟာ ဒီနေ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်လို အသင်းကြီးကို သူတင်ကိုယ်တင် ယှဉ်ပြိုင်ကစားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မနက်ဖြန်မှာတော့ ၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၄) ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ထားကြတဲ့ ရခိုင်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here