ပြည်သူ့ဆေးရုံများအတွက် နှစ်စဉ်ဘတ်ဂျက်များတိုးမြှင့်ချထားပေးလျက်ရှိ

0
181

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲ ၂၀၂၃ ဖွင့်ပွဲအား မတ် ၁၁ ရက်နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင် ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-I)၌ကျင်းပရာ နစက ဥက္ကဋ္ဌမှ အမှာစကားပြောကြားရာတွင် ပြည်သူ့ဆေးရုံများ၌ ပြည်သူများဆေးကုသမှုခံယူရာတွင် စိတ်အေးချမ်းသာစွာကုသမှုခံယူနိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး၊ပြည်သူလူထု၏ မျှော်မှန်းသက်တမ်းတိုးတက်မြင့်မားရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကိုတိုးမြှင့်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးပညာရှင်များအပြင် သက်ဆိုင်ရာဌာနများ၊အဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ရမည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

“ရောဂါမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ရောဂါဖြစ်လာရင် အရည်အသွေးပြည့်ဝတဲ့ ဆေးဝါးကုသမှုတွေပေးနိုင်ဖို့ မြန်မာနိုင်ငံရဲ့ အရင်းအမြစ်တွေပေါ်မူတည်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ့် မူဝါဒတွေ စီမံချက်တွေရေးဆွဲဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

“ပြည်သူတွေ နေရာထိုင်ခင်းကောင်းမွန်ပြီး စိတ်အေးချမ်းသာစွာနဲ့ ဆေးကုသမှုခံယူနိုင်ဖို့အတွက် ပြည်သူ့ဆေးရုံတွေကို မွမ်းမံပြင်ဆင်တာ အသစ်တိုးချဲ့တည်ဆောက်တာနဲ့ အဆင့်မီဆေးကုသမှုတွေခံယူနိုင်ဖို့ ဆေးဝါးတွေ ခေတ်မီဆေးပစ္စည်းကိရိယာတွေကို နိုင်ငံတော်က နှစ်စဉ်ဘတ်ဂျက်တွေတိုးမြှင့်ချထားပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကျန်းမာရေးဝန်ထမ်းများ အဆင် ပြေချောမွေ့ စွာ တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းအိမ်ရာများ တိုးချဲ့ဆောက်လုပ်ပေးနေသည့်အပြင် ချီးမြှင့်ငွေနှင့်စရိတ်မျိုးစုံကိုလည်း ခံစားခွင့်ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here