အမြန်လမ်းတွင် အုန်းသီးများတင်လာသည့်ကုန်တင်ကား တံတားအောက်ထိုးကျတိမ်းမှောက်၊ ၂ ဦးဒဏ်ရာရ

0
158

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၁၂ ရက်(ယနေ့)နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်သို့ အုန်းသီးများတင်ဆောင်မောင်းနှင်လာသည့် HINO RANGER (ခေါင်းစိမ်း/မီးခိုးရောင်ကြား)ကားသည် တံတားဘေးကာထားသည့် ကွန်ကရစ်အကာနံရံအားတိုက်မိပြီး တံတားနံရံကျိုးကာ တံတားအောက်သို့ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့်ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ကုန်တင်ကားမောင်းသူနှင့်လိုက်လာလာသူတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပဲခူးမြို့ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here