လျှပ်စစ်ကား(၅၃)စီးရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာ

0
191

Essential Motor Co., Ltd နှင့် Grand Sirius Co.,Ltd မှတင်သွင်းသည့် လျှပ်စစ်ကားများရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာကြောင်း သိရသည်။

Essential Motor Co., Ltd. မှ (၁၅) စီးနှင့် Grand SiriusCo.,Ltd မှ (၃၈)စီး စုစုပေါင်း ၅၃ စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ မတ်လ ၁၁ ရက်နေ့တွင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ကားတွေကို ပြည်တွင်းရှိမော်တော်ယာဥ်တင်သွင်းသူ ကုမ္ပဏီအချို့ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့်တင်သွင်းခွင့်ပြုထားခြင်းဖြစ်သည်။

ပြည်တွင်းသို့ Pilot Project စီမံကိန်းအနေဖြင့် အစီးရေ ၃၀၀၀ ကိုတင်သွင်းခွင့်ပြုထားကြောင်း စက်မှုဝန်ကြီးဌာန၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင်လည်း နေပြည်တော်နှင့် ရန်ကုန်တွင် EV Taxi များစတင်စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here