ဖောင်းကြွနံပါတ်ပြားအသစ်ပြောင်းလဲသည့် YBS ယာဥ်အစီးရေ ၃၅၀၀ ကျော်ရှိပြီ

0
226

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်တွေ အနေဖြင့် သတ်မှတ်ကာလအတွင်း ဖောင်းကြွနံပါတ်ပြားအသစ်တွေကို ပြောင်းလဲတပ်ဆင်ရာတွင် ယာဉ်အစီးရေ ၃၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း YRTC မှသိရသည်။

YBS ယာဉ်တွေအားလုံး ယခင်နံပါတ်ပြားတွေအစား ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလဲလှယ်ရန် ညွှန်ကြားထားပြီးနံပါတ်ပြားလဲလှယ်မှုမရှိသည့် YBS ယာဉ်တွေကို ပြေးဆွဲခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖောင်းကြွနံပါတ်ပြားများလဲခိုင်းရခြင်းသည် ​မြေပြင်တွင်အမှန်တစ်ကယ်ပြေးဆွဲနေသည့် ယာဥ်အရေအတွက်ကို တိတိကျကျသိရှိနိုင်ရန်နှင့် စည်းကမ်းမဲ့မောင်းနှင်မှုမရှိစေရန် တယ်လီမက်တစ်စနစ်ဖြင့် ထိန်းချုပ်ရန်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်ရန် ရန်ကုန်တွင် YBS ခရီးသည်တင်ယာဥ်တွေသာမက အဝေးပြေးခရီးသည်တင်ယာဉ်များ ၊ကုန်တင်ကားများ၊ တက္ကစီများ မော်တော်ယာဉ်များအားလုံး ယခုလကုန်မတ်လ ၃၁ရက်နေ့အပြီးပြောင်းလဲတပ်ဆင်ရန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here