မြစ်ရေကြီးမှုကြောင့် ကားခေါင်မိုးပေါ်တစ်နာရီကြာ သောင်တင်နေသည့် အမျိုးသမီးငယ်အားကယ်တင်နိုင်ခဲ့

0
207

ကလီဖိုးနီးယား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများဖြစ်ပေါ်နေကာ မြစ်အတွင်း၌လည်း ရေကြီးမှုကြောင့် ကားနစ်မြုပ်သွားရာမှ ကားခေါင်မိုးပေါ်တက်ကာ အကူညီတောင်းခံနေခဲ့သည့် အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကိုကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

ရေစီးအရှိန်ဖြင့်ကားမြောပါသွားပြီး မြုပ်လုနီးနီးဖြစ်နေချိန်၌ ၎င်းကကားခေါင်မိုးပေါ်တက်ကာ ကယ်ဆယ်ရေးအဖွဲ့များအား အကူညီတောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။၎င်းသည်ရေမကူးတတ်ပဲ ရေထဲ၌တစ်နာရီကျော်ကြာမတ်တပ်ရပ်စောင့်ကာ လာကယ်မည့်အချိန်အားစောင့်နေရသဖြင့် ကယ်ပြီးချိန်၌ပင်ကြောက်လန့်တုန်လှုပ်နေဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးလုပ်သားများကပြောကြားခဲ့သည်။

ကားခေါင်မိုးပေါ်ရပ်ကာ အကူညီအော်တောင်းနေသည့် ၎င်းအားဒေသခံနှစ်ဦးကမြင်တွေ့ခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ထံဆက်သွယ်ခဲ့ခြင်းဖြစ်သည်။အဆိုပါအမျိုးသမီးငယ်ကလည်း ၎င်းအနေဖြင့် ရေထဲ၌တစ်နာရီခန့်ရပ်စောင့်လိုက်ပြီးမှ ယခုကဲ့သို့ ဘေးကင်းကင်းနှင့်ကယ်ဆယ်ရေးသမားများ၏ အကူညီကိုရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့်မုန်တိုင်းနှင့်ရေကြီးမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း အာဏာပိုင်များကပြောကြားခဲ့သည်။ယခုအခြေနေကြောင့် ကြာသပတေးနေ့၌ အရေးပေါ်အခြေနေကြေငြာထားရပြီး ၁၅ သန်းသောသူများကို ရေကြီးရေလျှံမှုသတိပေးထားရပြီး မိသားစုပေါင်း ၃၀,၀၀၀ ခန့်သည် လျှပ်စစ်မီးမရကြောင်းသိရသည်။

အခြားလူဦးရေတစ်သောင်းခန့်သည်လည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်နေရပြီး တစ်ချိန်တည်းမှာပင် ကလီဖိုးနီးယားတောင်တန်းဒေသအချို့တွင်လည်း နှင်းများထူထပ်စွာကျဆင်းမှုကြောင့် လူအချို့နေအိမ်အတွင်း၌ပိတ်မိနေသည်ဟုလည်းသိရသည်။

Source : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here