ပြည်မြို့တွင် လူငယ်ချင်း စကားများရာမှ နေအိမ်အထိ ဓားဖြင့်လိုက်ခုတ်၍ မိသားစုဝင် (၃) ဦး ဓားခုတ်ဒဏ်ရာများရ

0
180

ယမန်နေ့ည (၁) နာရီခန့်က ပြည်မြို့၊ကိုးသောင်းပဒေသာရပ်၊ ရွှေတစ်ချောင်းလမ်းတွင် နေထိုင်သည့် လူငယ်အမျိုးသားနှင့် ၎င်း၏ သူငယ်ချင်းဖြစ်သူတို့ စကားများရန်ဖြစ်ရာမှ နေအိမ်အထိ လိုက်လာကာ ဓားဖြင့်ခုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“သူငယ်ချင်း အချင်းချင်းစကားများပြီး ခုတ်ခံရတဲ့ကောင်လေးက အိမ်ပြန်သွားတယ်၊ အဲဒီမှာ သူနဲ့စကားများတဲ့ကောင်လေးနဲ့နောက်ထပ်တစ်ယောက်က ဓားတွေနဲ့လိုက်လာပြီးခုတ်တာ၊ အိမ်တံခါးတွေကိုလည်းခုတ်ထားတယ် ၊လမ်းပေါ်မှာလည်း ဆိုင်ကယ် (၂) စီးကိုထုရိုက်ဖျက်ဆီးထားတာတွေ့တယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓားဖြင့်ဝင်ခုတ်မှုကြောင့်နေအိမ်ရှိ အမျိုးသား (၁) ဦးနှင့်အမျိုးသမီး (၂) ဦးတို့တွင် ဓားခုတ်ဒဏ်ရာများရရှိခဲ့သဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ကိုသတင်းရတာနဲ့သွားပြီးကူညီပေးခဲ့ပါတယ်။ ဒဏ်ရာရတဲ့ (၃) ယောက်လုံးက ပြတ်ရှဒဏ်ရာတွေရသွားတာ စိုးရိမ်ရဒဏ်ရာတော့ မဟုတ်ပါဘူး။ သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ပေါင်းပြီးကူညီပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူ (၂) ဦးအား အခင်းဖြစ်ပွားပြီးနောက် နာရီဝက်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့၍ ပြည်မြို့မရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here