တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

0
219

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ်ကွက်၌ မတ် ၁၂ ရက်(ယနေ့)နေ့လည်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၂၆ မိနစ်ခန့်က တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်၊မာလာနွယ်လမ်းတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ၃၄ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ပြင် ယနေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ဝါးတစ်ရာစက်မှုဇုန်အနီးရှိ အမှိုက်ပုံတွင်မီးလောင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here