ကြိတ်ကြိတ်တိုး​ရွှေမင်္ဂလာ

0
292

အပတ်စဥ် တနင်္ဂ​နွေ​နေ့တွင် ​ရွှေမင်္ဂလာ၏ စည်ကားမြဲတိုင်း ယ​နေ့တွင်လည်း တိုး​ဝှေ့ဝယ်ခြမ်း​နေရသည့်မြင်ကွင်းအား​ဖော်ပြလိုက်ပါသည်။

​စျေးဝယ်သူတစ်ဦးက “အဝတ်အထည်နဲ့ပတ်သက်ရင် ဒီမှာ ​စျေးပိုသက်သာတယ်။တနင်္ဂ​နွေဆို​တော့လူပိုကြပ်တယ်၊အခါနားလည်းနီးလာ​တော့ နယ်ကသူ​တွေလည်း လာကြတယ်။ချုပ်ပြီးသားဝတ်​လေး​တွေဆိုလည်း ရှာတတ်ရင် ဒီမှာ ​စျေး​ပေါတယ်။ ဒီမှာက လက်ကား​ ပဲ အ​ရောင်းများတယ်။ အုပ်စုလိုက်အတွက် ဝယ်ရင် အ​တော်သက်သာ​တော့ ဒီလိုပဲတိုး​ဝှေ့ဝယ်ရတာပဲ”ဟုဆိုသည်။

“စပန့် သရီးကွာတား တထည် ၂​ထောင်၊ အိမ်​နေရင်း​ဘောင်းဘီရှည် တထည် ၃၅၀၀၊ဆွီတီ​ဘော်လီခါးရှည်​လေး​တွေ ၄​ထောင် ​အောက်၊​အမျိုးသားဝတ်စတစ်အင်္ကျီဝါးချည်သား​တွေဆို ၅၄၀၀ ​လောက်ပဲဆို​တော့ ဒါဇင်ဝက်တို့၊ အနည်းဆုံး ၄ထည်တို့ ယူရလည်း ယူ​ပျော်တယ်​လေ။အနီးနားက ယုဇနပလာဇာ ထက်တချို့ဟာ​တွေ သက်သာ​တယ်”ဟု ဝယ်သမားတ​ယောက်ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here