အင်ဒိုရှိ မာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် သတ္တုတူးဖော်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများရပ်နားထားရ

0
192

အင်ဒိုနီးရှားနိုင်ငံရှိမာရာပီမီးတောင်ပေါက်ကွဲမှုကြောင့် ကောင်းကင်သို့ပြာမှုန်များလွှင့်ထွက်လာသဖြင့် သတ္တုတူးဖော်ရေးနှင့်ခရီးသွားလုပ်ငန်းအားလုံးကို ပိတ်ပစ်ခဲ့ရသည်ဟုသိရသည်။

စနေနေ့က ပြင်းထန်စွာပေါက်ကွဲမှုကြောင့် ချော်ရည်များသည် တောင်စောင်းများအောက်သို့ ခုနစ်ကီလိုမီတာအကွာထိ စီးကျလာခဲ့သဖြင့် အရေးပေါ်ပိတ်ရန်အမိန့်ပေးခဲ့ရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ပူပြင်းသော တိမ်တိုက်များ သည်  လေထဲသို့ မီတာ ၁၀၀ အမြင့်ထိ ရောက်ရှိခဲ့ပြီး ပြာများသည် လည်းနေရောင်ကိုပိတ်ဆို့ခဲ့ကာ တောင်ပေါ်မှအပျက်အစီးများလည်း ရွာနားတစ်ဝိုက်ထိလွင့်ထွက်လာခဲ့သည်။

မာရာပီတောင်သည် အင်ဒိုမီးတောင်များအနက် မီးတောင်ရှင်တစ်ခုဖြစ်ပြီး ဂျာဗားကျွန်းပေါ်၌တည်ရှိကာ  ၁၅၁ ဒသမ ၆ သန်းသော ဒေသခံ ပြည်သူများလည်းရှိသဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းဖြစ်သည်။

ယခုတစ်ကြိမ်မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်ပျက်စီးမှုမရှိသေးသော်လည်း ၂၀၁၀ ပြည့် နှစ်က မာရာပီတောင်ပေါက်ကွဲမှုကြောင့် လူ ၃၄၇ ဦးသေဆုံးကာ ရွာသား ၂၀,၀၀၀ ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်။

Source – Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here