ထိုင်းသို့ ပွဲစားခ ဘတ်၃​သောင်းနီးပါး​ပေးပြီးတရားမဝင်သွား​နေခြင်းများ အဖမ်းခံရမူများလာ

0
112

ထိုင်းနိုင်ငံ၊စူဖန်ဘူရီခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၃ ဦး မတ် ၁၂ ရက်နံနက်ကဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

စူဖန်ဘူရီခရိုင်တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများမရှိစေရန် စာလီကျေးရွာရှိ ဘန်ကောက်အဝင်လမ်းတွင် ယမန်နေ့နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

နံနက် ၁၀ နာရီခန့်တွင် ကုန်ပစ္စည်းများတင်ဆောင်လာသည့် ပစ်ကပ်ကားအားတွေ့ရှိရသဖြင့်စစ် ဆေးရာ ကုန်ပစ္စည်းများအောက်၌ ပုန်း၍လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား လမ်းပြခေါ်ဆောင်လာသူ ၁ ဦးကိုလည်း ဖမ်းဆီးခဲ့သည်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင်ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများနှင့်လမ်းပြခေါ်ဆောင်လာသူတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းထိုသို့ဖမ်းဆီးခံရမူများလာ​နေသဖြင့် တရားမဝင်လမ်း​ကြောင်းကို မသုံးကြရန်၊ပွဲစားတိုင်းကိုမယုံကြည်ကြရန် နိုး​ဆော်​ပေးကြပါဟု အလုပ်သမာူ​ရေးရာ ​ဆောင်ရွက်​နေသူတစ်ဦးက​ပေါ်ပြူလာနယူးစ်သို့ အကြံပြု​ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here