ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံကူးလက်မှတ်များနှင့်ပတ်သက်၍ သတင်းမှားဖြန့်ဝေသူများကိုအရေးယူမည်

0
164

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံကူးလက်မှတ်များနှင့်ပတ်သက်၍ လူမှုကွမ်ယက်စာမျက်နှာများပေါ်တွင် သတင်းမှားဖြန့်ဝေမှုများရှိနေသဖြင့် မြန်မာသံရုံးကအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာသံရုံးမှ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များသက်တမ်းတိုးခြင်း/အသစ်လျှောက်ထားခြင်းများအား ရက်ချိန်းရယူထားပြီးသူများကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြန်မာနိုင်ငံသားများအား လိမ်လည်အမြတ်ထုတ်လိုသူများက လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းမှားများကို ရေးသားပြောဆိုဖြန့်ဝေခြင်းများရှိနေသဖြင့် မြန်မာသံရုံးမှ သတင်းမှားဖြန့်ဝေသူများအား ဖော်ထုတ်အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသားများသိသင့်သိထိုက်သည့် အသိပေးကြေညာ ချက်များအား သံရုံး၏လူမှုကွန်ယက်စာမျက်နှာ(Facebook နှင့် Website) များတွင် ကြေညာပေးလျက်ရှိကာ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ စုံစမ်းလိုပါက ရုံးချိန်အတွင်း သံရုံးသို့ ကိုယ်တိုင်(သို့)ဖုန်း +(၆၀၃) ၄၂၅၊ ၄၄၅၅ ၊ ၄၂၅၁ ၆၃၅၅ တို့သို့ ဆက်သွယ်နိုင်သည်ဟု အသိပေးထားသည်။

ရက်ချိန်းရယူထားပြီးသည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း သတ်မှတ်ထားသည့် နေ့ရက်များတွင်တင်ပြရမည့်စာရွက်စာတမ်းများနှင့်အတူ ကာယကံရှင်ကိုယ်တိုင် မြန်မာသံရုံးသို့ လာရောက်ထုတ်ယူရမည်ဖြစ်ကာ သတ်မှတ်ရက်အတိုင်း လာရောက်ထုတ်ယူသူများကိုသာ ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

သတ်မှတ်ရက်တွင် လာရောက်ထုတ်ယူခြင်းမရှိဘဲ ရက်ကျော်လွန်၍လာရောက်ထုတ်သူများ၊နေထိုင်ခွင့်ကုန်ဆုံးနေသူများအား နေ့လည်ပိုင်းတွင် မြန်မာသံရုံး၏ တစ်နေ့စာထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်အရေအတွက်အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားရန် မြန်မာသံရုံး၌ ရက်ချိန်းယူထားသူများသည် သံရုံးမှထုတ်ပေးထားသည့်နေ့တွင် သံရုံးသို့ ကာယကံရှင်ကိုယ်တိုင်လာရောက်လျှောက်ထားရမည်ဟု အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here