သန်း ၁၀၀ မြောက် ဗီယက်နမ် နိုင်ငံသားကို  အထိမ်းအမှတ် အခမ်းအနားနဲ့ ကြိုဆိုမယ်

0
242

ဗီယက်နမ်ဟာ  ဧပြီလမှာ သန်းတစ်ရာ မြောက် ဗီယက်နမ် နိုင်ငံသား အဖြစ် မွေးဖွားလာမယ့်  သူကို အထိမ်းအမှတ်ပွဲတွေ နဲ့ ကြိုဆို ဖို့အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဗီယက်နမ်ဟာ ၂၀၂၂ ခုနှစ် ဧပြီလကစပြီး လူဦးရေ ၉၉ ဒသမ ၂ သန်းနဲ့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများ စာရင်းထဲမှာ အဆင့် ၁၅ ချိတ်ခဲ့တယ်လို့ အထွေထွေစာရင်းအင်းရုံး (GSO) က ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ လူဦးရေအထူထပ်ဆုံး နိုင်ငံ ၃ နိုင်ငံထဲမှာလည်း ပါဝင်တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ဗီယက်နမ်မှာ ဒီနှစ် ဧပြီလလယ်လောက်ဆိုရင် လူဦးရေ သန်းတစ်ရာအထိ ရှိလာတော့မှာပါ။ ကမ္ဘာပေါ်မှာ လူဦးရေ သန်းတစ်ရာ ဒါမှမဟုတ် သန်းတစ်ရာထက် ကျော်တဲ့ နိုင်ငံဟာ  ၁၄ နိုင်ငံ ပဲ ရှိပါတယ်။

ဗီယက်နမ်ဟာ အဲဒီလို လူသန်းတစ်ရာ ပြည့်မြောက်တာကို ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုလို့ သတ်မှတ်ထားပြီး အစိုးရကိုယ်တိုင်ကိုယ်က ဂုဏ်ပြုတဲ့အနေနဲ့ ဧပြီလလယ်မှာ စီတန်းလှည့်လည်ပွဲတွေနဲ့ အစည်းအဝေးပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ 

နိုင်ငံတစ်နိုင်ငံမှာ လူဦးရေ များလာလေလေ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာလေလေပဲ။ ဒါကြောင့် ဗီယက်နမ်ဟာ အခုလက်ရှိမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာနေပြီး အိုင်ဖုန်းအတွက် ကုန်ကြမ်းတွေကို အဓိက ထောက်ပံ့ပေးနေတဲ့ ဖောက်စ်ကွန်ကတောင် စက်ရုံကြီးတွေ လာပြီး ဖွင့်လှစ်ထားလို့ သိရပါတယ်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here