ဖားကန့်မြို့ လီဒိုလမ်းမကြီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် ၁ ဦိးသေ ၁ ဦးဒဏ်ရာရ

0
871

ကချင်ပြည်နယ်၊ဖားကန့်မြို့၊ လီဒိုလမ်းမကြီးပေါ်တွင် ယနေ့ နံနက်က အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် ၁ ဦိးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖားကန့်မြို့၊ ဒွန်ဘုန်းခကျေးရွာနှင့် နမ္မတီမြို့ကြား လီဒိုလမ်းမကြီးပေါ်တွင် ယနေ့ (မတ်လ ၁၃ ရက်) နံနက် ၁၁ နာရီအချိန်ခန့်က AD Ven အိမ်စီးကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

” လမ်းအကွေ့မှာ အရှိန်လွန်ပြီး လမ်းဘေးထိုးကျ မှောက်သွားတာပါ၊ တစ်ယောက်က နေရာမှာပဲ သေဆုံးသွားတယ်၊ တစ်ယောက်ကတော့ ခေါင်းမှာ ပြင်းထန် ထိခိုက်ဒဏ်ရာ ရပါတယ်” လူမှုကူညီရေးအသင်း၀င်တစ်ဦိးကပြောသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အသက် ၃၀ အရွယ်ရှိ အမျိုးသား ၂ ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည့်အတွက် မိုးကောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – ကုသိုလ်ဖြစ် လူမှုကူညီရေးအသင်း (နမ္မတီး)


LEAVE A REPLY

Please enter your comment!
Please enter your name here